Facade Idea

လုပ်သင့်တဲ့ ဆိုင်းဘုတ်တစ်ခု

# Fascia Sign#

Fiscia ( ဖေ့ရှာ) ဆိုတာ မျက်နှာစာ မှာ တပ်တဲ့ Sign Board တစ်မျိုးပါ။ အဆောက်အဉီး မျက်နှာစာ တွေမှာ  အမိုးအောက်နံရံတွေမှာ  အလျားလိုက်တပ်ဆင်ကြ တာပါ။ တပ်ဆင်တဲ့ နေရာ မှာ တော့ အလျားလိုက် မျက်နှာစာ အပြည့် တပ်ဆင်လေ့ ရှိကြပါတယ်။ အထူးသဖြင့် ဆိုင်မျက်နှာ စာ က သိပ်မမြင့်ပဲ လူမြင်ကွင်း မှာ ရောက်တဲ့ နေရာ မျိုးပါ။

Fascia Signs တွေကို ဆိုင်မျက်နှာစာ ရှည်တဲ့ နေရာတွေမှာ ပိုပြီး လုပ်လေ့ရှိပါတယ်။ ဒီဘက်ခေတ်မှာတော့ ဆိုင်တွေက ကျဉ်းလာလို့ လုပ်တာ နည်းသွားပါတယ်။ နေရာ ကျယ်ပြန်တော့ ဆိုင်းဘုတ်ခွန် ပေးရမှာ ကြောက်လို့ မရှည်နိုင်တော့ပါဘူး။

Fascia တွေကို လုပ်တဲ့ အခါမှာ တပ်နိုင်သလောက် ရိုးရိုးရှင်းရှင်း လုပ်တာ ပိုကောင်းပါတယ်။ အပြောင်းအလဲ လုပ်ဖို့လည်း မလိုလို့ ကုန်ကျစရိတ် သက်သာတဲ့ အမျိုးအစားတွေနဲ့ ပြုလုပ်နိုင်ပါတယ်။ LED တွေ Neon တွေ လည်း တပ်ဖို့ မလိုပါဘူး။

သပ်ရပ်တဲ့ Fascia Sign တွေ လုပ်လိုက်မယ်ဆိုရင် ၁၉ ရာစု စော ပိုင်းကို ပြန်ရောက်သွားသလို ခံစားရနိုင်ပါတယ်။