LED Knowledge

                     LED မီးလုံးများ၏ သမိုင်းကြောင်း

“LED မီးလုံးများ၏ မူလအစ”

(က) LED ဆိုသည်မှာ  

LED (ခေါ်) Light-Emitting Diode ဆိုသည်မှာ တစ်ပိုင်း လျှပ်ကူး ပစ္စည်းများကို အခြခံသည့် p-n Junction diode များဖြစ်ပြီး လျှပ်စစ်စီးဝင် သွားသောအခါ အလင်းထုတ်လွှတ် သော Diode များဖြစ်ပါသည်။ p-n junction များသည်တစ်ပိုင်းလျှပ်ကူးပစ္စည်းများ အတွင်း တွင် p-type နှင့် n-type ပါ၀င်သည့် ဆုံတွေ့မှုတစ်ခု ဖြစ်ပြီး  p-type (Positive) ဖက် တွင် အီလက်ထရွန် ကွက်လပ်များ ( holes) ဖြစ်ပြီး n-type ဖက်တွင် အီလက် ထရွန် ပိုလျှံမှု ကြောင့် အီလက်ထရွန်စီးဆင်းမှု ဖြစ်ပေါ်ခြင်း ဖြစ် ပါသည်။

           Diode ရှိ ငုတ် နှစ်ငုတ် သို့ သင့်တင့်သည့် လျှပ်စီး တစ်ခု စီးဝင် သွား သောအခါ အီလက်ထရွန် များသည် Electron Hole များနှင့် သွားပေါင်းပြီး ဖိုတွန် (Photon) များအား စွမ်းအင် တစ်ခုအနေဖြင့် ပြန်လည် ထုတ်ပေးခြင်း ဖြစ်ပါသည်။ ထိုသို့ ဖြစ်ပေါ်ခြင်းအား Electroluminescence ဟုခေါ်ဆိုပြီး Photon များ၏ စွမ်းအင်ရရှိမှု ပေါ်မူတည် ပြီး အလင်း၏အရောင် ကွဲပြားမှု ဖြစ်ပေါ်ပါသည်။

LED များသည် များသောအားဖြင့် သေးငယ်ပြီး Radiation Pattern ရရှိအောင် အလင်းထုတ်လွှတ်နိုင်သည့် ပစ္စည်းများ (Optical Components) ပေါင်းစည်း ထားခြင်းဖြစ်ပါသည်။ LED မီးလုံးများသည် တည်ဆောက်ပုံ အား ဖြင့် Semiconductor တစ်ခုအားပုံစံခွက် တစ်ခုတွင်သွင်းထားပြီး အပေါ်မှ Encapsulation ခေါ် Epoxy အလွှာတစ်ခု ဖုံးအုပ်ထားခြင်း ဖြစ်သည်။

https://upload.wikimedia.org/wikipedia/commons/3/34/SNX100.jpg

1961 က ထုတ်လုပ်ခဲ့သည့်  LED ပုံစံ

(ခ) LED အားစတင်တွေ့ရှိမှုများ

၁၉၀၇ ခုနှစ်တွင် Henery Joseph Round ဆိုသည့် အင်္ဂလိပ်လူမျိုး တစ် ယောက်မှ စတင်ပြီး Silicon Carbide စမ်းသပ်မှု တစ်ခု ပြုလုပ်ရာမှ နောင်တစ် ချိန်တွင် LED Technology တွင် အရေး ပါသည့် Electro -luminescence ဖြစ်စဉ် အား တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ Electroluminescence ဆိုသည်မှာ အားကောင်း သည့် အီလက်ထရွန်တစ်ခုစီးဆင်းမှုမှ တဆင့် အလင်းဖြစ်စဉ် ( Optical Phenomenon) နှင့် လျှပ်စီး ဖြစ်စဉ် ( Electrical Phenomenon) ဖြစ်ပွားပြီး အရာဝတ္ထုတစ်ခုမှ အလင်းထုတ်လွှတ် ပေးခြင်း ဖြစ်သည်။

၁၉၂၀ ခုနှစ်တွင်ရုရှလူမျိုး ရေဒီယိုအရာရှိတစ်ဦး ဖြစ်သူ Oleg -Vladimirovich Losev သည် ရေဒီယို စက်များတွင် အသုံးပြု သည့် Diode များတွင် Electroluminescence ဖြစ်စဉ် ဖြစ်ပွားခြင်းအား လေ့လာခဲ့သည်။

၁၉၂၇ ခုနှစ်တွင် Luminous Carborundum (silicon carbide) Detector and Detection With Crystal ဟူသော စာတမ်းအား ပြုစု နိုင်ခဲ့ သည်။ LED နှင့် ပက်သက်သည့် လက်တွေ့ စမ်းသပ်မှုများ မပြုလုပ်နိုင်ခဲ့ သော်လည်း အနာဂတ် ကာလတွင် LED တီထွင်သူများအတွက် ၄င်း၏ စာတမ်းက ကြီးမားသော လွှမ်းမိုးမှုများ ဖြစ်စေခဲ့ပါသည်။ ၄င်းတွေ့ရှိ ချက် အား ရုရှား၊ ဂျာမန်နှင့် အင်္ဂလိပ် သတင်းစာများတွင် ဖော်ပြခြင်း ခံခဲ့ရ သည်။

*၁၉၆၀-၁၉၇၀ နှစ်များ*

            ၁၉၆၁ ခုနှစ်ရောက်သောအခါတွင် Texas Instruments ကုမ္ပဏီတွင် အလုပ်လုပ်သော Robert Biard နှင့် Gary Pittman ဆိုသူနှစ်ဦးတို့သည် အနီအောက် ရောင်ခြည်သုံး LED တစ်မျိုးအား စတင်တီထွင်နိုင်ခဲ့ပြီး မူပိုင်ခွင့် တင်နိုင်ခဲ့ကြသည်။

၄င်းသည် ကမ္ဘာပေါ်တွင် ပထမဦးဆုံး တီထွင် နိုင်ခဲ့သော LED ဖြစ် သော်လည်း Infared LED ဖြစ်နေသောကြောင့် လူတို့၏ သာမာန် မျက်စိ ဖြင့် မြင်နိုင်ခြင်း မရှိပေ။ Robert Biard နှင့် Gary Pittman တို့နှစ်ဦးသည် Laser Diode တစ်ခု တီထွင်ရန် ကြိုးပမ်း ခဲ့ရာမှ Light Emitting Diode အား မတော်တဆ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

၁၉၆၂ ခုနှစ် နှောင်းပိုင်းတွင် ၄င်းတို့နှစ်ဦး၏ တွေ့ရှိချက်အား "Semiconductor Radiant Diode" အမည်ဖြင့် တင်ပြခဲ့ရာ အမေရိကန်ရှိ မူပိုင် ခွင် ့ရုံးအပါအဝင် ဓာတ်ခွဲခန်းများမှ အသိအမှတ် ပြုပြီး မူပိုင်ခွင့်ပေးခဲ့ကြသည်။ Texas Instrument သည် ၁၉၆၃ ခုနှစ်တွင် ပင် ပထမဦးဆုံး LED မီးသီးအလုံး ပုံစံအား SNX-100 ဆိုပြီး ထုတ်လုပ်နိုင် ခဲ့သည်။

                                *  *  *  *  *  *  *  *  *  *  *  *  *

ပထမဦးဆုံး LED အားမှတ်တမ်းတင်ထားပုံ

မျက်စိဖြင့် မြင်နိုင်သည့် ပထမဆုံး LED အား General Electric Company တွင် အတိုင်ပင်ခံ အင်ဂျင်နီယာ အဖြစ် လုပ်ကိုင်သော Nick Holonyack ဆိုသူ အမေရိကန်လူမျိုး အင်ဂျင်နီယာ တစ်ဦးမှ တီထွင်နိုင်ခဲ့သည်။ ၄င်းတီထွင်မှုကြောင့် Nick အား LED ဖခင်ကြီး ဟုခေါ်ဆိုခဲ့ကြသည်။ Nick သည် ၄င်းတီထွင်မှု အပါအဝင် Semiconductor နှင့်ပက်သက်သည့် တီထွင်မှုများစွာ ပြုလုပ်ခဲ့ပြီး မူပိုင်ခွင့် ၄၁ ခုကျော် ရရှိခဲ့သည်။ Nick သည် Gallium Arsenide Phosphide ခေါ် တစ်ပိုင်းလျှပ်ကူး ပစ္စည်းအား အသုံးပြုပြီး အနီရောင် LED မီးလုံးအား တီထွင်နိုင်ခဲ့ခြင်း ဖြစ်သည်။

Nick Holonyak, Jr ၁၉၇၀-၁၉၈၀ နှစ်များ

၁၉၇၂ ခုနှစ်တွင် George Craford ဆိုသူ လျှပ်စစ် အင်ဂျင်နီယာ တစ်ဦးမှ ကမ္ဘာ့ပထမဦးဆုံး အဝါရောင် LED မီးလုံးအား Monsanto Company အတွက်တီထွင် နိုင်ခဲ့သည်။ ၄င်းအင်ဂျင်နီယာ မှ ထပ်မံမွမ်းမံ ခဲ့သည့် အနီရောင် LED မီးလုံးသည် လည်း မူလက Nick တီထွင်ခဲ့သည့် အနီရောင် LED မီးလုံးထက် ဆယ်ဆ ခန့်ပိုမို တောက်ပ လာခဲ့သည်။ အမေရိ ကန် အခြေစိုက် Mosanto ကုမ္ပဏီသည် LED မီးလုံး အများအပြားအား စတင် ထုတ်လုပ်ခဲ့သော ကုမ္ပဏီ တစ်ခုဖြစ်ပြီး နောက်ပိုင်း တွင် ရောင်းအား ကောင်း လာခဲ့သည်။  

ယင်းကုမ္ပဏီသည် ဂဏန်းပေါင်းစက် များတွင် အသုံးပြုသည့် Seven Segment ခေါ် LED မီးလုံးလေးများ အားလည်း ထုတ်လုပ် နိုင်ခဲ့သည်။ (Monsanto ကုမ္ပဏီသည် ဗီယက်နမ် စစ်အတွင်းက အမေရိကန်တို့ အသုံးပြု ခဲ့သည့် Agent Orange ခေါ် သစ်ရွက်ခြွေ ဓာတုဆေးများ ထုတ်လုပ်ပေး ခဲ့သည့် ကုမ္ပဏီဖြစ်သည်) Mosanto ကုမ္ပဏီသည် Optoelectronic ပစ္စည်း များအား စတင်ထုတ်လုပ် ရောင်းချခဲ့သည့် စျေးကွက် ဦးဆောင်သူ ကုမ္ပဏီ တစ်ခု ဖြစ်ခဲ့ ပါသည်။

ထိုအချိန်က စတင်ထုတ်လုပ်ခဲ့သော LED များမှာ တစ်လုံး လျှင် ဒေါ်လာ ၂၀၀ ခန့်ရှိသဖြင့် လွန်စွာ စျေးကြီးလှသည် ဟုဆိုနိုင် ပေသည်။ ၁၉၇၀ ၀န်းကျင်ခန့်တွင် Fairchild Optoelectronic ကုမ္ပဏီ မှ စျေးသက်သာ သည့် LED များအား စတင်ထုတ်လုပ် နိုင်ခဲ့သည်။ ( Fairchild Semi -condutor ကုမ္ပဏီအား ၁၉၅၇ ခုနှစ်တွင် Shockley Semiconductor Laboratory မှ နှုတ်ထွက်လာသော ၀န်ထမ်း ၈ဦးမှ တည်ထောင် ထားခြင်း ဖြစ်သည်။ Fairchild ကုမ္ပဏီသည် ဆီလီကွန် တောင်ကြားတွင် အရေးပါ သည့် ကုမ္ပဏီတစ်ခု ဖြစ်ခဲ့ပြီး AMD နှင့် Intel စသည့် ကုမ္ပဏီများ ဖြစ်ပေါ် လာရေးတွင် များစွာ ဆက်စပ်မှု ရှိခဲ့ပါသည်။ တစ်ပိုင်းလျှပ်ကူး ပစ္စည်းများ ထုတ်လုပ်ရေးတွင် များစွာ ဦးဆောင် နိုင်ခဲ့ပြီး LED သမိုင်းတွင် ဖျောက်ဖျက် မရနိုင်သည့် ကုမ္ပဏီ တစ်ခုလည်း ဖြစ်ပါသည်။

NICK HOLONYAK

Fairchild အားစတင်တည်ထောင်သူ ၈ ဦး

        Fairchild ကုမ္ပဏီသည် Planar Process အား စတင်အသုံး ပြုနိုင်ခဲ့ပြီး LED အများအပြားအား စတင်ထုတ်လုပ်နိုင်ခဲ့သည့် ကုမ္ပဏီ တစ်ခုလည်း  ဖြစ်ပါသည်။ Planar Process တွင် မူလက LED တစ်လုံးတွင် ပါ၀င်သည့် Transistor များအား အစိတ်အပိုင်း တစ်ခုချင်းသာထုတ်လုပ်ပြီး လူဖြင့် ပြန် လည် ပေါင်းသည့် လုပ်ငန်းစဉ် တစ်ခုလုံးအား စက်များဖြင့်သာ အစအဆုံး ပြုလုပ်နိုင်ခြင်း ဖြစ်သည်။    

         ၄င်းကဲ့သို့အဆင့် မြှင့်တင်နိုင်ခြင်းမှာ ဆွစ်ဇာလန်လူမျိုး တစ်ဦးဖြစ်သူ Jean Amédée Hoern မှ Fairchild ကုမ္ပဏီ အတွက် တီထွင်နိုင်ခဲ့ခြင်း ဖြစ်သည်။ LED များအား အများအပြား လျှင်မြန်စွာ ထုတ်လုပ်နိုင်ခြင်းမှာ Jean ၏ ကျေးဇူးဟု ပြောနိုင်ပေသည်။ d စျေးနှုန်းအားဖြင့် ယင်းကုမ္ပဏီမှ ထုတ်လုပ်ခဲ့သည့် LED မီးလုံးများမှာ တစ်လုံးလျှင် ၅ ဆင့်မျှသာ ရှိခဲ့ပြီး လျှပ်စစ်ပစ္စည်း ထုတ်လုပ်သူများက အချက်ပြမီးသီးများ (Indicator Light) များအဖြစ် အသုံး ပြုနိုင်ခဲ့ကြသည်။

           ကနဦး ကာလများက ထုတ်လုပ်ခဲ့သည့် LED နည်းပညာ    အားနည်းချက်များ ကြောင့် ထုတ်လုပ်ရာတွင် ပျက်ဆီးမှုနှုန်း များပြားခဲ့သည်။ လက်ရှိ ထုတ်လုပ်နေသည့် LED များနှင့် နှိုင်းယှဉ် ပါက ရည်ရှည်ခံမှုမှာလည်း အားနည်းလှသည်။ အကြောင်းမှာ LED မီးလုံးများအား ထုတ်လုပ်ရာတွင် အစအဆုံး အား လူအားဖြင့်သာ ပြုလုပ်ရခြင်းကြောင့် ဖြစ်သည်။ LED မီးလုံးများအား ပြုလုပ်ရာတွင် လိုအပ်သည့် မိုသွင်းခြင်း၊ Epoxy ကော်ရည်မွေခြင်း၊ မိုပေါ်သို့ Epoxy ကော်လောင်းခြင်းများအား အစအဆုံး လူအားဖြင့်သာ ပြုလုပ်ရခြင်းကြောင့် အရည်အသွေးမြင့် LED များထုတ်လုပ်ရေးမှာ ခက်ခဲခဲ့ရသည်။ အနာအဆာများပြီး မီးလုံးသက်တမ်းမှာလည်း များစွာ တိုတောင်းလှသည်။

*၁၉၈၀ -၁၉၉၀ နှစ်များ*

        ၁၉၈၀ ကျော်နှစ်များတွင် LED မီးလုံးများတွင် အသုံးပြုသည့် semiconductor တစ်မျိုးဖြစ်သည့် Gallium Aluminium Arsenide (GaAIAs) ထုတ်လုပ်မှုမှာ များစွာတိုးတက်လာခဲ့သည်။ GaAIAs နည်းပညာ တိုးတက်လာသောကြောင့် မူလ LED များထက် အလင်းအား ဆယ်ဆခန့်ပိုမို ကောင်းမွန်ပြီး စွမ်းအင်သုံးစွဲမှု ပိုမို လျော့နည်းသော LED များအား ထုတ်လုပ် လာနိုင်ခဲ့သည်။ အရည်အသွေးမြင့် LED များအား Bar Code Scanner များ၊ ဆေးရုံသုံး ပစ္စည်းများ၊ အလင်းလျှပ်စစ် ထုတ်ကုန်များ တွင် သုံးစွဲ လာနိုင်ခဲ့သည်။ ယင်းကာလများက နည်းပညာတိုးတက်မှု များစွာ ရှိခဲ့သော်လည်း အချို့LED များမှာ နာရီငါးသောင်းခန့် အသုံးပြု ပြီးပါက အလင်းအား ထက်ဝက်ခန့်ကျသွားနိုင်သည်အား တွေ့ရှိ ခဲ့ကြသည်။ ယင်း အခြေအနေမှာ လေထုစိုထိုင်းဆ များပြားသော ဒေသများနှင့် အပူချိန် မြင့်မား သော ဒေသများတွင် ပိုမို ဖြစ်နိုင်ခြေ များပြားနိုင်ပေသည်။

        သို့သော်လည်း ၄င်း၁၉၈၀ နှစ်များတွင် မီးလုံး ဒီဇိုင်းများ တိုးတက်လာမှု နှင့်အတူ Crystal နည်းပညာများ ပိုမိုကောင်းမွန် လာမှုတို့ကြောင့် LED မီးလုံး အစိမ်း၊ လိမ္မော်နှင့် အဝါရောင် များ၏ စွမ်းအင်သုံးစွဲမှု ပိုမိုကောင်းမွန်လာခဲ့ပြီး အလင်းရောင် ထုတ်လွှတ်မှု အပိုင်းတွင်လည်း များစွာ တောက်ပလာခဲ့ပါ သည်။ LED ဒီဇိုင်နာများ အနေဖြင့်လည်း Laser Diode Technology အား မြှင့်တင်ရန် ကြိုးပမ်းခဲ့ပြီး LED များအား ကောင်းသထက် ကောင်းမွန်အောင် ကြိုးပမ်းခဲ့ကြပါသည်။ အခြား အလားတူ နည်းလမ်းများစွာ အားသုံးပြီး ပိုမို စိတ်ချရပြီး အလင်းရောင်ပိုမိုကောင်းမွန်သော LED များထုတ်လုပ်ရန် ကြိုး ပမ်းခဲ့ကြသည်။ တီထွင်သူများသည် InGaAIP ခေါ် Indium Gallium Aluminium Phosphide အားဖန်တီးခဲ့ပြီး အလင်းရောင်ထွက်အား ပိုမို ကောင်းမွန်သော ၊ အရောင်အသွေးပိုမို စုံလင်သော LED များအား ဖန်တီး နိုင်ခဲ့ ကြသည်။

https://upload.wikimedia.org/wikipedia/commons/thumb/f/f9/LED%2C_5mm%2C_green_%28en%29.svg/800px-LED%2C_5mm%2C_green_%28en%29.svg.png

တိုးတက်လာသည့် LED ပုံစံ

*၁၉၉၀ ကျော်နှစ်များ*

      ၁၉၉၀ ကျော်နှစ်များတွင် LED နည်းပညာမှာ များစွာ တိုးတက်လာပြီး အောက်ပါနယ်ပယ် (၃) ခုတွင် များစွာ ပြောင်းလဲလာခဲ့သည်။

(၁) Traffic Control Devicesများ (မီးပွိုင့်များ၊ ယာဉ်ကြော အချက်ပြမီးများ) (၂) LED Display များ (မီးပြေးစာတမ်းများ)         (၃) မော်တာကားမီးများ ၊ မော်တော်ယာဉ်သုံးမီးများ ဆယ်စုနှစ် လေးခုမျှ ကြိုးပမ်း ခဲ့ပြီးသည့် နောက်တွင် LED နည်းပညာ တိုးတက် မှုများမှာ အရှိန် အဟုန်ဖြင့် တိုးတက် လာခဲ့ပါသည်။ ၁၉၉၀ ကျော်နှစ် များတွင် LED မီးလုံး အပြာရောင် အားလည်း အများအပြား စတင် ထုတ်လုပ်နိုင်ခဲ့ပြီး LED မျိုး ဆက်မှာလည်း အသုံးဝင်မှုများစွာ ရှိခဲ့ပါ သည်။

LED မီးလုံးအပြာရောင်မှာ ဖိုတွန်စွမ်းအင် မြင့်မားပြီး အလင်း ရောင် ထွက်ရှိမှု နည်းပါးသော ကြောင့် ထုတ်လုပ်ရာတွင် စိန်ခေါ်မှု များစွာ ရှိခဲ့ပေသည်။ စျေးကွက်အတွင်း လိုအပ်သည့် LED မီးလုံး အပြာ သည် SiC (Silicon carbide) နှင့် GaN (gallium nitride) ဖြင့် ဖွဲ့စည်းထားပြီး အလင်းရောင်တောက်ပနှုန်းအားဖြင့် 10,000 mcd (သို့) 20 mA ရှိပါသည်။ မီးလုံးအပြာရောင်သည် အရေးပါသည့် အရောင်တစ်ရောင်တစ်ခု ဖြစ်ပြီး LED Tv များ၊ LED Display များ၊ ကင်မရာများ နှင့် ဆေးရုံသုံး ပစ္စည်းများ ထုတ်လုပ်ရာတွင် များစွာအသုံးဝင်ခဲ့ပါသည်။
            အလားတူ GaN နည်းပညာ များအား သုံးပြီး တိုးတက်မှုများ ရှိလာသဖြင့် အခြား LED အရောင်မျိုးစုံအားလည်း ထုတ်လုပ်နိုင်ခဲ့ ပါသည်။ တိုးတက်မှုအသစ် တစ်ခုအနေဖြင့်ပြောရလျှင်လှိုင်းအလျား (wave length) 500nm ရှိသော တောက်ပသည့် LED အစိမ်းရောင် အားဖန်တီးနိုင်ခဲ့ပါသည်။ ယင်း အစိမ်းရောင်မီးလုံးအား မီးပွိုင့်များ တွင်အသုံးပြုနေပြီး အဆင့်နိမ့် LED မီးလုံးအစိမ်းရောင်များ အစား အသုံးပြုနိုင်ခဲ့သဖြင့် ယနေ့ခောတ် မီးပွိုင့်များအား ထင်ရှားစွာ မြင်တွေ့နိုင်ခြင်း ဖြစ်ပါသည်။

            မီးလုံးအပြာရောင်အား ထုတ်လုပ်နိုင်ပြီးသည့် နောက်တွင် LED မီးလုံး ခရမ်းရောင်နှင့် အဖြူရောင်များအား ဆက်လက် ထုတ်လုပ်လာ နိုင်ခဲ့သည်။ LED အနီ၊ အပြာ နှင့် အစိမ်းရောင် (RGB) တို့အားအသုံးပြုပြီး နည်းပညာများ ထပ်မံ ပေါင်းစပ်လိုက် သောအခါ အရောင်ကွဲ မျိုးစုံအား ထပ်မံ ရရှိ လာခဲ့ပါ သည်။  အခြားနည်းလမ်းတစ်ခုမှာ Phosphor အလွှာ (Yttrium Aluminium Garnet) တစ်မျိုးအား LED အပြာရောင်ပေါ်တွင် သုံးပြီး LED အဖြူရောင် အားလည်း ဖန်တီးနိုင်ကြောင်းလည်း တွေ့ရှိခဲ့ကြ ပါသည်။

LED နည်းပညာများ သည် မွေးကင်းစအရွယ်မှ နေပြီး များစွာ ရင့်ကျက်လာခဲ့သည့် နည်းတူ LED စျေးကွက်မှာလည်း အဆပေါင်း များစွာ တိုးတက်လာသည် အား တွေ့မြင်နိုင်ပေသည်။ InGaAIP ပစ္စည်းများ တိုးတက်လာမှု နှင့်အတူ MOCVD (metalorganic chemical vapour deposition) နည်းပညာများ အား ယှဉ်တွဲ အသုံးချ နိုင်မှုကြောင့် ပိုမို ကောင်းမွန်သော LED များစွာအား အနာဂတ်တွင် ဖန်တီး လာနိုင် တော့မည်ဟု ယုံကြည် ရပေသည်။

အခြေခံ LED အမျိုးအစားများ

လက်ရှိ နည်းပညာများ ကြောင့်  LED အမျိုးအစားများ စွာ ကွဲ ပြားသော်လည်း LED များအား အခြေခံအား ဖြင့် အောက်ပါအတိုင်း ခွဲ ခြားကြည့်နိုင်ပါသည်။

(၁) Through-Hole LED များ

Through-Hole LED များသည် DIP LED အမျိုးအစားများ ဖြစ်ကြပြီး Printed Circuit Board များအား ဖောက်ပြီး တပ်ဆင်ရသည့် အမျိုးအစား ဖြစ်သည်။ LED ၏ အခြေခံ အမျိုးအစားများ ဖြစ်ပြီး လက်ရှိတွင်တော့ အသုံးနည်းသွားပြီ ဖြစ်ပေသည်။ အရွယ်အစားအားဖြင့် 3 mm, 5 mm နှင့်  8mm စသဖြင့် Diameter ဖြင့် ခွဲ ခြားကြသည်။ အရောင်အား ဖြင့် အခြေခံ အရောင်များ ဖြစ်သော အနီ၊ အပြာ၊ အစိမ်း၊ အဝါ ၊ အဖြူ စသည်တို့ အား တွေ့ရမည် ဖြစ်သည်။

(၂) SMD LED များ

SMD LED များအား PCB ပေါ်တွင် ကပ်ထားနိုင်သည့် ဒီဇိုင်းဖြင့်ပြုလုပ်ထားပြီး Surface Mount Diodes များအဖြစ် အသုံးပြုကြသည်။ အရွယ်အစားများမှာ 3528, 5050, 2121  စသဖြင့် အလျား အနံ ၏ မီလီမီတာ များအား သတ်မှတ် ခေါ်ဝေါ် ကြသည်။ နောက်ပိုင်းထုတ်လုပ်သည့် Micro LED များသည် SMD LED များ ဖြစ်ကြပြီး အရွယ်မှာ ပို၍ သေးငယ်လာကြပေသည်။

(၃) Bicolor LED များ

Cathode တစ်ခု နှင့် Andode နှစ်ခုပါဝင်ပြီး  နှစ်ရောင် ထွက်နိုင်သောကြောင့် Bicolor ဟု ခေါ်ခြင်းဖြစ်သည်။ Bicolor LED များအား Thourgh –Hole LED များဖြင့် ပြုလုပ်လေ့ ရှိကြသည်။ များသောအားဖြင့် Cool White သို့ Warm White  ပြောင်းလဲရန်အတွက် အသုံးပြုလာကြသည်။

(၄) RGB LED များ

Red, Green နှင့် Blue သုံးရောင်ပါဝင်ပြီး ရုပ်ထွက် Display များအဖြစ် အသုံးပြုနိုင်သောကြောင့် အသုံးများ လာသည့် LED အမျိုးအစား ဖြစ်သည်။ PWM နည်းပညာအား အခြေခံပြီး ထုတ်လုပ်ထားခြင်းဖြစ်သည်။ LED Display Board ကြီးများတွင် RGB LED များအား အဓိက အသုံးပြုကြသည်။ 1R1G1B သို့မဟုတ် 2R1G1B စသဖြင့် တွေ့ရတတ်သည်။

(၅) High Power LED များ

ပုံမှန်အားဖြင့် LED များသည် Watt အား စားနည်းကြသည်။ High Power LED Chips များသည် မီးလုံးတစ်လုံးလျှင် 1 W ခန့် ရှိကြပြီး အဝေးပြေး မီးများ အဖြစ်အသုံးပြုကြသည်။ Stadium Light များ ၊ ကားမီးကြီးများ အား High Power LED များဖြင့် ပြုလုပ်ထားကြသည်။ High Power LED များမှာ အပူထုတ်နှုန်းမြင့်မားသောကြောင့် ပုံမှန် အိမ်သုံး LED များတွင် သုံးစွဲကြခြင်း မရှိပေ။